MNP - ဩဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေး ဝန်ထမ်းများက အသက်(၅)နှစ်အောက် ကလေးငယ်များအား မျက်စိအားဆေး (ဗီတာမင်အေ)နှင့် သံချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်(၉)နာရီက စတင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဗီတာမင်အေ ဆေးသည် မျက်စိကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော ဆေးဖြစ်ပြီး အမြင်အာရုံ ကောင်းမွန်စေရန် မျက်ကြည်လွှာကာကွယ်ခြင်းကို အားပေးသောဆေးဖြစ်ကြောင်း ဗီတာမင်အေ ချို့တဲ့မှုများ လာပါက ကြက်မျက်သင့်ရောဂါ ဖြစ်ပွားတတ်ခြင်း၊ ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေး တတ်ခြင်း၊ လည်ချောင်းနဲ့ အဆုတ်ဆိုင်ရာ ရောဂါပိုးများ မကြာခဏ ဝင်ရောက်တတ်ခြင်းတို့ကြောင့် ၎င်းရောဂါ များကို ကြိုတင်ကာကွယ်နိုင်စေရန် ကလေးငယ်များကို ဗီတာမင်အေဆေးများ တိုက်ကျွေးရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သံချဆေး၊ မျက်စိအားဆေး (ဗီတာမင်အေ) တိုက်ကျွေးခြင်းဆောင်ရွက်ရာတွင် လာရောက်ကြသော ကလေးငယ်များကို ခန္ဓာကိုယ်ပေါင်ချိန်တိုင်းတာခြင်း၊ လိုအပ်သည့် အချက်အလက်များ ဖြည့်သွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်(၄)ခုမှ ကလေးငယ် (၇၀)ဦးခန့်တို့အား တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment