မုဒုံမြို့နယ်တွင် နေကြာသီးနှံ စိုက်ပျိုးနိုင်ရေး တောင်သူများအား နည်းပညာပေး ဆွေးနွေးပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်တွင် နေကြာသီးနှံ စိုက်ပျိုးနိုင်ရေး တောင်သူများအား နည်းပညာပေး ဆွေးနွေးပွဲဆောင်ရွက်



MNP - သြဂုတ်  ၁၀


မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ  ကျေးရွာများတွင်  နေကြာသီးနှံကို ယခုလာမည့် ဆောင်းရာသီ၌ တောင်သူများစိုက်ပျိုးနိုင်ရေးအတွက် နည်းပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့က သာယာကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။


ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငြိမ်းချမ်းကျော်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများ စိုက်ပျိုးရာတွင် သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် အထွက်နှုန်း ကောင်းမွန်စေရေးအတွက်  အခြေခံစိုက်ပျိုးရေး နည်းစနစ်များ၊  သီးနှံပိုးမွှားရောဂါ  ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် သီးနှံများရိတ်သိမ်းချိန်တွင် အထွက်နှုန်း လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် အချိန်မီ ရိတ်သိမ်းခြွေလှေ့ နည်းစနစ်များကို နယ်မြေတာဝန်ခံဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ အသိပညာပေးလုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်ကြသည့် ဒေသခံတောင်သူများမှ နေကြာသီးနှံ စိုက်ပျိုးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများမှ အသီးသီးဖြေကြားခဲ့ပြီး တောင်သူများအနေဖြင့်  အချိန်တိုအတွင်း အကျိုးအမြတ်ရရှိစေရန်နှင့် စိုက်ပျိုးစရိတ် ကုန်ကျမှုနည်းပါးသော  နေကြာသီးနှံကို  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်၊ ပြည်တွင်းစာသုံးဆီဖူလုံစေရန်၊ တောင်သူတစ်ဦးချင်း သီးနှံဝင်ငွေ တိုးပွားစေရေးတို့အတွက် စိုက်ပျိုးရန် သင့်တော်သည့် ဆီထွက်သီးနှံဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တောင်သူများနှင့်ပူးပေါင်း၍ နေကြာသီးနှံစိုက်ပျိုးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)