စဉ့်ကူးမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်‌ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်‌ပြီးစီး





MNP ၊ သြဂုတ်   ၃၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တည်ဆောက်သည့် စက်ရေတွင်း၊ ရေစက်ရုံနှင့် ရေစုကန်များအား ကျေးရွာရေရရှိရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နေ့လယ်ပိုင်း က အဆိုပါ ကျေးရွာတွင် ပြုလုပ်ခဲ့သည်။


အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေကျပ် (၉.၃၇၇) သန်းဖြင့် ကျွန်းဦးကျေးရွာတွင် စက်ရေတွင်း အနက် (၁၈၀) ပေ၊  ဂါလံ ၂၀၀၀ ဆန် ရေစုကန်နှင့်  အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများဖြစ်ကာ လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး နှင့် တာဝန်ရှိသူများက ကျွန်းဦးကျေးရွာ ရေရရှိရေး ကော်မတီထံသို့ လုပ်ငန်းလွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ကျေးလက်ရေရရှိရေး ဆောင်ရွက်ပေးမှုကြောင့် စဉ့်ကူးမြို့နယ် ကျွန်းဦးကျေးရွာရှိ အိမ်ခြေ (၁၀၄)၊ လူဦးရေ (၅၀၈)ဦးနှင့် တိရစ္ဆာန်များအတွက် ရာသီမရွေးသောက်သုံးရေ သုံးစွဲနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။


တင်ဇာလွင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)