မုဒုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ နေကြာ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဖွဲ့စည်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မုဒုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ နေကြာ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဖွဲ့စည်း

53


MNP - သြဂုတ်   ၃၀


မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ဘလောက်ညောင်ဝိုင်းကျေးရွာတွင် (ဆီထွက်သီးနှံနေကြာ) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှုကော်မတီဖွဲ့ စည်းခြင်းကို ယမန်နေ့က ရွာလယ်ဘုန်း ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်က ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင် နေကြာစိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် စားသုံးဆီဖူလုံစေရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် မြင့်မားလာပြီး တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူမှုအဖွဲ့အစည်းများပေါ်ပေါက်လာစေ ရန်အတွက် စီမံကိန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်းပြောကြားပြီး  တက်ရောက်လာကြသော   ကျေးရွာသူ/ သားများက   မြစိမ်းရောင်ကျေးရွာစီမံကိန်း  ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင် ငါးဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့ စည်းပေးခဲ့သည်။ အဆိုပါကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်  သိန်း ၁၀၀ ဖြင့် နေကြာစိုက်တောင်သူများအား လုပ်ကိုင်နိုင်စေရန်အတွက် ရန်ပုံငွေထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သားငယ် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages