ရန်ကုန်အနောက်ပိုင်းခရိုင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်အနောက်ပိုင်းခရိုင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ




MNP ၊ ဩဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်ခရိုင် ၂၀၂၂ခုနှစ် (၂၃) ကြိမ်မြေက် အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့က မြန်မာကွန်းဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီးအသီးသီးတို့မှ ကော်မတီဝင်တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ အနုပညာချစ်မြတ်နိုးသူ ပြည်သူများတက်ရောက်ကြသည်၊၊


ထို့နောက် အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲတွင် ဝါသနာရှင် ပထမတန်းအဆင့်၊ ဝါသနာရှင် ဒုတိယတန်းအဆင့်ဘာသာရပ်အလိုက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ အထူးဆုရရှိသူများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်၊၊


ယင်းနောက် အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲတွင် ဆုတံဆိပ်အများဆုံးရရှိသော စမ်းချောင်းမြို့နယ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် ဝန်ကြီးများက တံခွန်စိုက်ဆု ချီးမြှင့်ပေးအပ်သည်။


ဆက်လက်၍ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲစဉ်အစမှအဆုံး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက်ဆုရရှိသူများ၏ ဖျော်ဖြေတင်ဆက်မှုကို တိုင်းဒေသကြီးဝန်ကြီးများ၊ အခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်၊၊


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)