မိုးနဲမြို့နယ်၌ မွေးမြူရေးဘဏ်စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ဒေသဝက်များဖြန့်ဖြူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ မွေးမြူရေးဘဏ်စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ဒေသဝက်များဖြန့်ဖြူး

 



MNP - ဩဂုတ်  ၁၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ‌ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ မွေးမြူရေး ဘဏ်စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ဒေသဝက်များ ဖြန့်ဖြူးပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကွန်နားကျေးရွာနေ အိမ်ထောင်စုများလက်ဝယ်သို့ ဖြန့်ဖြူး ပေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ လင်းခေးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းမြကြွယ်က မျိုးကောင်း မျိုးသန့်ဒေသဝက်မျိုးများ ဖြန့်ဖြူးပေးရခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း ၊မိုးနဲမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာခိုင်မြဲစည်သူက မွေးမြူရေး ဘဏ်စနစ်ဖြင့်စပ်လျဉ်း၍ ဖြန့်ဖြူးမည့် ဒေသဝက်ကောင်ရေ တိုးပွားလာ အောင်မွေးမြူရေး၊ ဌာနမှ ဒေသဝက်မျိုးကောင်းမျိုးသန့်များ စိစစ်ရွေးချယ် ဝယ်ယူဖြန့်ဖြူးသွားပြီး အစုအဖွဲ့များနှင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ မွေးမြူရေးဘဏ်စနစ်အရ တိရစ္ဆာန် ဒေသဝက်လက်ခံရရှိသော အိမ်ထောင်စုများက သတ်မှတ်ကာလ (၂) နှစ်ပြည့်ပါက မူလရယူထားသော တိရစ္ဆာန်၏ အသက်အရွယ်၊ အရေအတွက်၊ အမျိုးအစားအတိုင်း အခြားမွေးမြူလိုသူတစ်ဦးအား လက်ဆင့်ကမ်း‌ပေးအပ်ရမည်ဖြစ်ကြောင်း၊ ကျေးရွာမွေးမြူရေး ကြီးကြပ်မှုကော်မတီများကို ပြန်လည်အပ်နှံ ပေးသွားရမည်ဖြစ်သလို လက်ခံရယူမွေးမြူသူ အနေဖြင့် အတိုးငွေပေးအပ်ရန်မလိုအပ်တော့ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်‌ဘဏ္ဍာ‌ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၅ သန်းဖြင့် ဝက်ကောင်ရေ ၅၀ ကောင်ကို ကျေးရွာနေအိမ်‌ထောင်စု ၁၀ စု အတွက် တစ်အိမ်ထောင်လျှင် ဒေသဝက် ၅ ကောင်နှုန်းဖြင့် လင်းခေးခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများက လက်ဝယ်အ‌ရောက် ပေးအပ်ဖြန့်ဖြူးခဲ့ပြီး မွေးမြူရေး ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။


သတင်း - မျိုးညွန့်ရွှေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)