MNP - ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ တို့၏ကြီးကြပ်မှုဖြင့် စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့ နံနက် ၉နာရီ အချိန်မှစတင်ကာ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားဝင်းအပြင်ဘက်နှင့်ပုဂံမြို့ဈေးသစ် ကြီးအနောက်ဘက်အပေါက် ရှေ့တို့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နှင့် ပုဂံမြို့ပြည်သူများ ချက်ပြုတ်စားသောက်မှု ကိစ္စများတစ်ဘက်တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုးချောင်သုံးစားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားအုန်းဆီ ငါးဆယ်သားကျပ်ကို ၂၇၅၀ ကျပ်ဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး Mobile ကားဖြင့် လိုက်လံရောင်းချပေးလျှက် ရှိကြောင်းသိရသည်။ အဆိုပါ Mobile ကားဖြင့် ရပ်ကွက်နေပြည်သူများလက်ဝယ်အ ရောက် ဆက်လက်ရောင်းချ ပေးရန် အစီအစဉ်များရှိကြောင်း မိဘပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံး နိုင်ရန်အတွက် ရက်သတ္တပတ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယနေ့ ညောင်ဦးမြို့ ပြည်သူများအတွက် ၄၉၅ ပိသာရောင်းချပေးခဲ့ပြီး၊ ပုဂံမြို့ ပြည်သူများအတွက် ၃၃၀ ပိသာ၊ စုစုပေါင်းစားသုံးဆီပိသာချိန် ၈၂၅ ပိသာရောင်းချပေး နိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ကိုကြေးမုံ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment