မတ္တရာမြို့နယ်တွင် အိမ်တွင်းမှုဆပ်ပြာဆီအမျိုးမျိုး ပြုလု်ပနည်းသင်တန်းဖွင့် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မတ္တရာမြို့နယ်တွင် အိမ်တွင်းမှုဆပ်ပြာဆီအမျိုးမျိုး ပြုလု်ပနည်းသင်တန်းဖွင့်

 

5


MNP - ဩဂုတ်   ၃၁


မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မြို့နယ်စီမံအု်ပချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အိမ်တွင်းမှုဆပ်ပြာဆီအမျိုးအမျိုး ပြုလု်ပနည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထူအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ သင်တန်းတွင် ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိဒေါ်မေသူမြင့်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဒေါ်စန်းစန်းမော်မှ ဆပ်ပြာဆီအမျိုးမျိုး ပြုလုပ်နည်းကို လက်တွေ့ပြုလုပ်ပြသပြီး သင်တန်းသားများကိုလည်း လက်တွေ့ပြုလုပ်စေခဲ့သည်။


အဆိုပါ ဆပ်ပြာဆီအမျိုးအမျိုး ပြုလုပ်နည်းသင်တန်းသို့ မြို့ပေါ်(၅)ရပ်ကွက်မှ ပြည်သူများ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ်လ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်သွား မည်ဖြစ်သည်။ ထိုကဲ့သို့အိမ်တွင်းမှုသင်တန်းများကို လစဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုးကျော်သူထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages