၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်




MNP - ဩဂုတ်   ၂၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့က အိမ်ရှင်အဖြစ်လက်ခံကျင်းပသော ၂၀၂၂ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့ ပြည်ထောင်စုအားကစားကွင်း၊ လေ့ကျင့်ရေးအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲတွင် အသုံးပြုသည့် LED Score Board လှူဒါန်းပေးသော Shinning Myanmar Co;Ltd ၊ စကားပြောစင်မြင့် လှူဒါန်းပေးသော King Brother Co;Ltd နှင့် သယ်ယူပို့ဆောင်ရေးအတွက် စက်သုံးဆီလှူဒါန်းပေးပါသော Lucky 7 ဆီဆိုင်တို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။


ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့များအား တစ်ဦးချင်းလိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ယင်းနောက် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။


အဆိုပါ ၂၀၂၂ခုနှစ် တိုင်းဒေသကြီး/ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲအား (၂၅-၈-၂၀၂၂)ရက်နေ့မှ (၃၁-၈-၂၀၂၂)ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ အမျိုးသားအသင်း(၁၁)သင်း၊ အမျိုးသမီး အသင်း (၉)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)