ဘီးလင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး




MNP - သြဂုတ်   ၉


မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။


အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဘီးလင်းမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ  ဝန်ထမ်းများက နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ထိုးနှံပေးလျှက်ရှိရာ ယမန်နေ့တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၉၇) ဦး ရှိကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယမန်နေ့မှ ၉ ရက်နေ့ အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - ထူးနောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)