ကွတ်ခိုင်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးအသင်း (သတ္တမ) အကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွတ်ခိုင်မြို့နယ်တွင် ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးအသင်း (သတ္တမ) အကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ

 




MNP - ဩဂုတ်   ၁၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ယမန်နေ့ မွန်းလွှဲ ၂ အချိန်က  ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေးအသင်း၏ (သတ္တမ) အကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ်များ၊ ပရိယတ္တိစာပေ သင်ယူနေကြသော သံဃာတော်အရှင်သူမြတ်များနှင့် ရှင်သာမဏေများ၊ သီလရှင်များ(အပါး၃၅၀ခန့်)အား ဆွမ်းကိစ္စ အဆင်ပြေစေရန်အတွက် စစ်ဗျူဟာအဖွဲ့(အခြေချ)(ကွတ်ခိုင်)တပ်ရင်း/နယ်/ဖွဲ့များမှ အလှူရှင် များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ရပ်မိရပ်ဖများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် မြို့နေပြည်သူများအားလုံး စုပေါင်း၍ မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်း သိရသည်။


အဆိုပါ ကွတ်ခိုင်မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ စစ်ဗျူဟာအဖွဲ့ (အခြေချ) (ကွတ်ခိုင်)မှ ဗိုလ်မှူးကြီးသိန်းအောင်စိုးနှင့် ကွတ်ခိုင်တပ်နယ်/ရင်း/ဖွဲ့များ၊ ကွတ်ခိုင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် ခရိုင်ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွှန့်နှင့် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းနှင့် မိသားစုများ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် မြို့နေပြည်သူများမှ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီးကို လှူဒါန်းခဲ့ကြရာ စုစုပေါင်းလှူဒါန်းတန်ဖိုး ငွေကျပ် (၄၀,၅၀၀,၀၀ဝ) လှူဒါန်းခဲ့ပြီး မွန်းလွဲ ၄ နာရီခွဲအချိန်တွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။


သတင်း - ချစ်မျိုးဦး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)