ပုဏ္ဏားကျွန်းမြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့)ပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့)ပြုလုပ်ပေး



MNP - သြဂုတ်   ၃၀


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၂)အရ အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့) ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်၊ ဘက်စုံသုံးခန်းမသို့ လာရောက်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးထွန်းအေးက ပန်းခင်းစီမံချက်အဆင့်(၂)အရ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရက်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းပြီး၊ အသက် ၁၆ နှစ်ပြည့်သူတိုင်း ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိနိုင်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စံပြရပ်ကွက်အတွင်းရှိ အသက် ၁၀ နှစ်ပြည့်သူ ၃၅ ဦးနှင့်အသက် ၁၈ နှစ်ပြည့်သူ ၃၆ ဦး၊ စုစုပေါင်း(၇၁)ဦးအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခွင့်ရရှိအောင် (အခမဲ့)ပြုလုပ်ပေးခဲ့ကြောင်း  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူးရုံးမှ သိရသည်။


သတင်း - နီထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)