၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်း အ-ထ-က (၂)ကျောင်းတွင် ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်း အ-ထ-က (၂)ကျောင်းတွင် ဖွင့်လှစ်




MNP - သြဂုတ်   ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂) ပညာ့ဗိမာန်ခန်းမတွင် မြို့နယ်ပညာရေး ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်း ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းကို သြဂုတ် ၂၆ ရက်နေ့ နံနက် (၁၀) နာရီတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်း၊ ဒုတိယ ပညာရေးမှူး ဆရာကြီး ဦးစိုးနိုင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မြသက်ဖြူတို့က ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းနှင့် ပတ်သက်ပြီး အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


ယင်းသင်တန်းတွင် မြို့နယ်ပညာရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ (ထက်၊ လယ်၊ မူ၊ ဘက)ကျောင်း (၂၀၀) ဦးအား ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်း လမ်းညွှန်စာအုပ်များကို ဖြန့်ဝေပေးခဲ့ပြီး သင်တန်းကာလမှ (၁) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


“ကျောင်းကျန်းမာရေးစစ်ဆေးချိန်တွင် ကျောင်းသူ၊ ကျောင်းသားတစ်ဦးချင်းစီအတွက် စစ်ဆေး တွေ့ရှိချက်များကို စနစ်တကျ မှတ်တမ်းတင်ထားနိုင်ရန်၊ ကျောင်းသားမိဘများ၊ အုပ်ထိန်းသူ များနှင့် ဆရာ/မတို့က မိမိကျောင်းရှိ ကျောင်းသားကလေးများတွင် အဖြစ်များသောရောဂါ ကျန်းမာရေးပြဿနာများကို ဖော်ထုတ်သိရှိနိုင်စေရန်၊ မိဘများသို့အသိပေးခြင်း၊ အချိန်မီ လွှဲပြောင်းကုသခြင်း၊ ကျန်းမာရေးဌာနနှင့် ချိတ်ဆက်၍ လိုအပ်သည့် စောင့်ရှောက်မှုများရယူရန်၊ မိဘ၊ ဆရာနှင့် ကျောင်းသူ၊ ကျောင်းသားများက ကျန်းမာရေးကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ ကျောင်းကျန်းမာရေးဆိုင်ရာ လုပ်ငန်းရပ်များကို မိဘများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန်” စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)