MNP - သြဂုတ် ၂၈
သန်လျင်မြို့ အမိုးနီသုသာန် ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သည့် ကာလတလျောက် ပိတ်ထားခဲ့သော အမိုးနီသုသာန်၏ Dead Body များထားသော အအေးခန်းများအား လာမည့် စက်တင်ဘာ(၁)ရက်နေ့မှစ၍ ပြန်လည်လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
သန်လျင် အမိုးနီသုသာန်ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်တိုးက ''ကိုဗစ်ရောဂါဖြစ်ပွားချိန်မြင့်တက် လာသောအချိန်ကစ၍ အအေးခန်းသုံးစွဲမှု ယာယီရပ်ဆိုင်းခဲ့ရကြောင်း၊ ယခုအခါ ရောဂါထိန်းချုပ်နိုင်သည့် ကာလတစ်ခုရောက်ရှိပြီဖြစ်၍ အအေးခန်း အသုံးပြုခွင့်ပေးသွားမှာဖြစ်ကြောင်း၊ နာရေးရှင်များအခက်အခဲမရှိစေရန် အအေးခန်း သုံးစွဲခြင်းအတွက် တစ်ရက်လျှင် ကျပ်တစ်သောင်း၊ ခန်းမအကြီး တစ်ရက်သုံးစွဲလျှင် ကျပ်နှစ်သောင်း၊ ခန်းမအသေးတစ်ရက်သုံးစွဲလျှင်ကျပ် တစ်သောင်းဖြစ်ကြောင်း၊ မီးသဂြိုလ် ခြင်းအား အခမဲ့ကူညီပေးသွားမှာဖြစ်ကြောင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည့်အတွက် ရေရှည်လည်ပတ်ဆောင်ရွက်နိုင်ရန်ထိုက်သင့်သောဈေးနှုန်းများ ပြင်ဆင်ခဲ့ရခြင်း ဖြစ် ကြောင်း'' ဖြင့်ပြောကြားသည်။
ယင်းနောက် သန်လျင်မြို့နေ ဦးတင်မြ+ဒေါ်ခင်မိမိကျော် မိသားစုက အမိုးနီသုသာန် ဘက်စုံလုပ်ငန်းများဆောင်ရွက်နိုင်ရန် အလှူငွေကျပ် (၅) သိန်းကို ကော်မတီဝင်များ ထံပေးအပ် လှူဒါန်းသည်။
သန်လျင်မြို့ အမိုးနီသုသာန် ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအနေဖြင့် နာရေးရှင်များအား အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိရာ ပါဝင်ကုသိုလ်ပြုလှူဒါန်းလိုကြသည့် အလှူရှင်များအနေဖြင့် ဖုန်း ၀၉၅၀၁၁၇၀၇ ၊ ၀၉၅၀၁၅၀၂၁၊ ၀၉၂၅၀၂၆၆၆၀၉ တို့သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment