ကျိုင်းတုံမြို့နယ်တွင် ဝါတွင်း ၃လကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ်တွင် ဝါတွင်း ၃လကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ



MNP - သြဂုတ်   ၁၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်း ၃ လကာလအတွင်း  စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် မဟာမြတ်မုနိဘုရားကြီး၌ ကျင်းပသည်။


စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကျိုင်းတုံမြို့ပေါ်ရှိ သံဃာတော် ၂၀၀ ပါးတို့အား တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်း၊  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက လောင်းလှူကြသည်။


ကျိုင်းတုံမြို့၌ ဝါတွင်း ၃ လကာလအတွင်း   စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခြင်းကို မဟာမြတ်မုနိ ဘုရားကြီးတွင် (၆) ကြိမ်၊ ရပ်တော်မူဘုရားကြီးတွင် (၅) ကြိမ်၊ စုစုပေါင်း (၁၁)ကြိမ်ထိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဝါတွင်း ၃ လကာလအတွင်း စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်စိန်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)