ကျိုက်လတ်မြို့နယ်တွင် ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်လတ်မြို့နယ်တွင် ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချပေး



MNP - သြဂုတ်   ၉


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ နေထိုင်ကြသည့် မိဘပြည်သူများ စားသုံးဆီကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း၏ စီမံဆောင်ရွက်သည့် စီစဉ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် အဖွဲ့သည် စားသုံးဆီများကို မိဘပြည်သူများ လက်ဝယ်သို့  သက်သာသော နှုန်းထားတို့ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်(၈)နာရီမှ စတင်၍ ကျိုက်လတ်မြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူ ရေးရာဦးစီးဌာနရုံး၌ ဆီ(၁)ပိဿာကို ငွေကျပ် (၃၇၀ဝိ/-)နှုန်းဖြင့်  ရောင်းချပေးခဲ့သည်။


ထိုသို့စားသုံးဆီများအား သက်သာသော နှုန်းထားဖြင့် လူ(၁)ဦးလျှင်‌ ဆီ(၅၀)ကျပ်သားနှုန်းဖြင့် ယနေ့တွင် ဆီပိဿာချိန်(၂၂၀)ကို ရောင်းချပေးခဲ့ပြီး စတင်ရောင်းချပေးခဲ့သည့် သြဂုတ်လ(၆)ရက်နေ့မှ ယနေ့အထိ ဆီပိဿာချိန် စုစုပေါင်း (၅၅၀)ပိဿာကို မိဘပြည်သူများ၏ လက်ဝယ်သို့ အရောက်  ရောင်းချပေးခဲ့ကြောင်း သိရသည်။


သတင်း - ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)