လွိုင်လင်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေးကျင်းပ



MNP - ဩဂုတ်   ၂၆


ရှမ်းပြည်နယ်‌(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း (ပြည်နယ်/ပြည်ထောင်စု) ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လျာထားအဆိုပြုချက်များနှင့်ပတ်သက်သော ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေး(၁/၂၀၂၂)ကို ယမန်နေ့နံနက်(၁၀)နာရီ က ကျင်းပသည်။


အစည်းအဝေးတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် က ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း(ပြည်နယ်/ပြည်ထောင်စု) ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားအဆိုပြုချက်များနှင့် ပတ်သက်သော ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးဖြစ်ကြောင်း၊ ယခုအစည်းအဝေး၌ သက်ဆိုင်ရာဌာနများမှ ရေးဆွဲရာတွင် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကိစ္စများ၊ ဒေသလိုအပ်ချက်များ ရေးဆွဲတင်ပြကြရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအချင်းချင်း ပေါင်းစပ်ညှိနှိုင်ရေးဆွဲကြရန် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ခရိုင်စီမံကိန်းဦးစီးမှူး ‌ဒေါ်မြင့်မြင့်အေး က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံလျာထားအဆိုပြုချက်များနှင့် ပတ်သက်၍ အသေးစိပ်ရှင်းလင်းပြောကြားသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နိုင်ငံပိုင်အခန်း (ပြည်နယ်/ပြည်ထောင်စု) ငွေလုံးငွေရင်း ရင်းနှီမြှုပ်နှံမှု လျာထားအဆိုပြုချက်များနှင့် ပတ်သက်၍ ဖြည့်ဆွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းကြပြီးနောက် ခရိုင်အုပ်ချုပ်ရေးရေးမှူး က နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။


အဆိုပါ အစည်းအဝေးသို့ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်၊ လဲချား၊ မိုင်းကိုင်မြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ စီမံကိန်းရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


သတင်း - လွိုင်လင်မိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)