MNP ၊ ဩဂုတ် ၂၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်ပြည့်ပြီး ကာကွယ် ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသည့် ကျောင်းသား/သူများအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ပိုင်း က သတ်မှတ် ကျောင်း စုရပ်နေရာ များတွင် ကျန်းမာရေးဝန်ထမ်းများက သွားရောက်ထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေး ဝန်ထမ်း များက လာရောက် ထိုးနှံသည့် အခြေခံပညာကျောင်းများရှိ ကျောင်းသား/သူ များ အား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ သွေးတွင်း အောက်စီဂျင်တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေး ခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ် တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် ကျောင်းသား/သူ များကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ် ဆေးထိုးနှံနေမှုများအား ဆရာ/မ များ နှင့် တာဝန်ရှိ သူများက ကူညီ ဆောင် ရွက် ပေး လျှက်ရှိသည်။
မောင်တောမြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်ပြည့်ပြီး ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီးသည့် အထက်တန်း နှင့် အလယ်တန်း ကျောင်းသား/သူများအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့က နံနက် ပိုင်းက ကျောင်း သား / သူ ၂၇၇ ဦးအား ထိုးနှံပေးခဲ့ပြီး မြို့နယ်အတွင်း ဩဂုတ် ၂၈ ရက်နေ့ထိ ထပ်ဆောင်း ကာကွယ် ဆေးထိုးနှံပြီးစီးသူ ၃၂၀၈ ဦးအား ကျန်းမာ ရေး ဝန်ကြီး ဌာန ၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသူ ကျောင်း သား/သူ များအား ဆက်လက် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment