ဒူဘိုင်းမှ အကူအညီ တောင်းခံသော မြန်မာအမျိုးသမီး (၈)ဦးကို သံရုံးအနေဖြင့် ကူညီဆောင်ရွက်ပေးထားကြောင်း ထုတ်ပြန် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဒူဘိုင်းမှ အကူအညီ တောင်းခံသော မြန်မာအမျိုးသမီး (၈)ဦးကို သံရုံးအနေဖြင့် ကူညီဆောင်ရွက်ပေးထားကြောင်း ထုတ်ပြန်

vlcsnap-2022-08-29-10h23m39s460


MNP ၊ သြဂုတ် ၂၉

လူမှုကွန်ရက်စာမျက်နှာတွင် မြန်မာအမျိုးသမီး (၈)ဦး ဒုက္ခရောက်နေ၍ ကူညီပေးရန် တောင်းဆိုထားမှုအပေါ် ရီရတ်မြို့ရှိ မြန်မာသံရုံးက ကူညီဆောင်ရွက်ပေးထားကြောင်း ထုတ်ပြန်ထားသည်။

မြန်မာသံရုံးအနေဖြင့် ကာယကံရှင်အမျိုးသမီး(၈)ဦး ရှိရာ ဒူဘိုင်းမြို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းကာ ၎င်းတို့အားခေါ်ဆောင်လာခဲ့သော ပွဲစားဆိုသူနှင့် ကာယကံရှင်များအကြား ၂၆-၈-၂၀၂၂ ရက်နေ့က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာသံရုံး၏ အကူအညီဖြင့် နိုင်ငံကူးလက်မှတ်များကို ကာယကံရှင်များထံသို့ ပြန်လည်ပေးအပ်၍ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွါနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စီစဉ်ဆောင်ရွက်နေစဉ်အတောအတွင်း ပွဲစားဆိုသူနှင့် အမျိုးသမီးများ လုံခြုံရေး၊ မလိုလားအပ်သော ပြဿနာများ ထပ်မံမဖြစ်ပွားစေရေးနှင့် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နိုင်ရန် UAE CID မှ တာဝန်ရှိသူများက ၂၇-၈-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ၎င်းတို့နေထိုင်ရာ နေရာများမှ ဒူဘိုင်းမြို့ရှိ CID ဌာနချုပ်သို့ ခေတ္တပို့ဆောင်ထားရှိကြောင်း၊ UAE နိုင်ငံ၏ ဥပဒေနှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲလုပ်ငန်းစဉ်များအတိုင်း စစ်ဆေးဆောင်ရွက်ပြီးစီးပါက ဥပဒေချိုးဖောက်မှုမရှိသူများကို ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာသံရုံးအနေဖြင့် UAE နိုင်ငံမှ တာဝန်ရှိသူများကို အချိန်နှင့်တပြေးညီ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း နှင့် ပြန်လည်လွတ်မြောက်လာသူများကို မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages