MNP ၊ ဩဂုတ် ၃၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတို့ပူးပေါင်း၍ ကျောက်ဖြူမြို့နယ်အတွင်းရှိဆရာ၊ဆရာမများအား ကျောင်းကျန်းမာရေးစစ်ဆေး မှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်နုနုသာက အခြေခံပညာကျောင်းများ၏ မူဆင့်သင်ဆရာ၊ဆရာမများအား ကျောင်းသား၊ ကျောင်းသူများ၏ တစ်ဦးချင်းကျန်းမာရေးစစ်ဆေးမှုအား ကတ်များတွင် ဖြည့်ဆည်းထားရှိကြရန် ရည် ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းမှပို့ချပေးသည့် ကျန်းမာရေးဆိုင်ရာများကို လိုက်နာမှတ်သားပြီး မိမိတို့၏သက်ဆိုင်ရာကျောင်းများတွင် မပျက်မကွက်ဖြည့်ဆည်းဆောင်ရွက်ထား ရမည်ဖြစ်ကြောင်း စသည့်သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကျောက်ဖြူခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဒေါ်နီနီဝင်းနှင့် ဝန် ထမ်းများက သင်တန်းတက်ရောက်ကြသည့် မူဆင့်သင်ဆရာ၊ ဆရာမများအား KG မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာအသိပညာများ၊ ကျန်းမာရေးလုပ်ငန်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိ၊ ဆိုင်ရာ အသိပညာများနှင့် ကျန်း မာရေးစစ်ဆေးမှုမှတ်တမ်းကတ်များ၌ ဖြည့်ဆည်းထားရှိမည့် ပုံစံနမူနာများကို စာတွေ့လက်တွေ့ပြသ ပေးရာ ဆရာ၊ ဆရာမများမှ သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းကို ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၂၅၃)ကျောင်းမှ မူဆင့်သင်ဆရာ၊ ဆရာမ(၂၅၃)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment