MNP - ဩဂုတ် ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ကျောင်းသား/ကျောင်းသူများအား အစာအဟာရ အလှူဒါနပြုတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ကျခမ်းကျောက်ကျေးရွာအုပ်စု၊ ကျခမ်းဆောင်ကျေးရွာရှိ အ.မ.က စာသင်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အစာအဟာရ အလှူဒါနပြုတိုက်ကျွေးခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေး ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ အ.မ.က ကျခမ်းဆောင်စာသင်ကျောင်းရှိ ကျောင်းသား (၁၀)ဦး၊ ကျောင်းသူ (၁၄)ဦး၊ စုစုပေါင်း (၂၄)ဦးအား အစာအာဟာရဖြစ် ထမင်းဟင်းနှင့် အအေးများကိုတိုက်ကျွေးခဲ့ပြီး ကျောင်းသားသူငယ်များအတွက် မုန့်ပဲသရေစာများကိုလည်း အလှူဒါနပြု ဖြန့်ဝေကျွေးမွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျိုင်းလပ်မြို့အတွင်းရှိ စာသင်ကျောင်းများ၌ အလှည့်ကျအလှူဒါနပြု အစာအာဟာရတိုက်ကျွေးခြင်းများကို ဌာနဆိုင်ရာများစုပေါင်း၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေးထံမှ သိရသည်။
သတင်း - ကျော်ဇေယျာလင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment