MNP - ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မိုးနေကြာသီးနှံ ၁၄၃.၂၅ဧက စိုက်ပျိုးထားရှိ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆီးထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ် နည်းပါးခြင်း၊ စိုက်ပျိုးပြီးပါက ပျက်စီးမှုနည်းပါးခြင်း၊ အထွက်နှုန်းနှင့် တစ်ဧကဆီထွက်နှုန်း ကောင်းမွန်ခြင်းတို့ အပြင် သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ဒေသခံတောင်သူများ အပိုဝင်ငွေရရှိပြီး မိသားစုအတွက် စားသုံးဆီ ပိုမိုရရှိလာမည်ဖြစ်ကြောင်းနှင့် နေကြာဆီစားသုံးခြင်းသည် ကျန်းမားရေးအတွက် အထူးကောင်းမွန် သင့်လျော်ခြင်း ထို့ကြောင့် ဒေသခံတောင်သူများ ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်သည့် သီနှံ ဖြစ်သည်။
သရက်မြို့နယ်အတွင်း ယခင်နှစ်များက နေကြာသီးနှံ စိုက်ပျိုးမှု မရှိသော်လည်း ယခုနှစ် မိုးနေကြာကို မေလနှင့်ဇွန်လတို့တွင် စိုက်ပျိုးခဲ့ရာ ယနေ့အထိ တောင်သူ(၁၂၉)ဦးမှ သီးသန့် ၁၀.၂၅ဧက၊ သီးညှပ်(၁၃၃)ဧက စုစုပေါင်း(၁၄၃.၂၅)ဧက စိုက်ပျိုးပြီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ယခုနှစ်မိုးနေကြာမှ စိုက်ပျိုးထွက်ရှိသည့် မျိုးစေ့များဖြင့် ဆောင်းရာသီတွင် နေကြာသီးသန့် (၁၇၄၈)ဧက၊ သီးညှပ် (၂၂၃၀)ဧက စုစုပေါင်း (၃၉၇၈)ဧက စိုက်ပျိုးနိုင်ရေး မြို့နယ်ဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - ဇော်ထက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment