မြစ်သားမြို့၌ စားအုန်းဆီတစ်ပိဿာ(၅၅၀၀ိ/-)နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့၌ စားအုန်းဆီတစ်ပိဿာ(၅၅၀၀ိ/-)နှုန်းဖြင့် ဈေးနှုန်းချိုသာစွာရောင်းချပေး



MNP - ဩဂုတ်   ၃၀


မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မြစ်သားမြို့နယ်တွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရန်အတွက် စာအုန်းဆီတစ်ပိဿာ ၅၅၀၀ိ/-နှုန်းဖြင့် မြို့နယ်အတွင်းရှိနေရာ(၃)နေရာတွင် ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးကြောင်းသိရသည်။


ထိုသို့ ရောင်းချရာတွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ ခရိုင်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မြစ်သားမြို့ ရှမ်းပွဲရပ်ကွက်ရှိ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တစ်ဦးလျှင် ဆီတစ်ပိဿာ(၅၅၀၀ိ/)နှုန်းဖြင့် ဆီ(၅၅၀)ပိဿာအားလည်းကောင်း၊ ကူမဲမြို့အမှတ် (၅)ရပ်ကွက် အောင်ကမ္ဘာဆီစက်ရှေ့၌ (၅၅၀)ပိဿာအားလည်းကောင်း၊ အလားတူ အမှတ်(၄)ရပ်ကွက် အင်းဗျားဘုရားရှေ့တွင် တစ်ဦးလျှင် တစ်ပိဿာနှုန်းစီဖြင့် (၅၅၀)ပိဿာ၊ စုစုပေါင်း (၁၆၅၀)ပိဿာအား ဈေးနှုန်းချိုသာစွာရောင်းချခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


သတင်း - သီတာအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)