ကျောက်ဆည်မြို့နယ်၌ တစ်နိုင်တစ်ပိုင် ဝါးထရံယက်လုပ်ရောင်းချသူများ အဆင်ပြေ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကျောက်ဆည်မြို့နယ်၌ တစ်နိုင်တစ်ပိုင် ဝါးထရံယက်လုပ်ရောင်းချသူများ အဆင်ပြေ

30


MNP - ဩဂုတ်  ၂၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ တစ်နိုင်တစ်ပိုင် ဝါးထရံယက်လုပ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေအဆင်ပြေလျက်ရှိကြောင်း ရဲစုရပ်ကွက်မှ ဝါးထရံယက်လုပ်ရောင်းချသည့် ဦးမြင့်ဆွေပြောပြ၍  သိရသည်။


ဝါးထရံပြုလုပ်ရာတွင် တင်းဝါးကိုသာ အဓိကသုံးစွဲကြကြောင်းနှင့်  အနံ(၄)တောင်၊ အလျားး(၁၀)တောင် ရိုးရိုးထရံတစ်ချပ် ယက်လုပ်ပါက တင်းဝါး(၁၀)လုံး အသုံးပြုရကြောင်း အရင်းအနှီအနေဖြင့် ငွေကျပ် (၁) သောင်း ကုန်ကျပြီး ရောင်းဈေးအနေဖြင့် ငွေကျပ်(၂)သောင်းငါးထောင်၊  ဝါးအကျောများဖြင့် ယက်လုပ်ထားသည့် (ဒေသအခေါ်)နှီးပူးဝါးထရံ (၁)ချပ်ဆိုပါက ငွေကျပ်(၄)သောင်း ရရှိကြောင်း  ဝါးထရံယက် လုပ်ရာတွင် အထူ၊ အပါး၊ အကြီး၊ အသေးအကွက်ဖော် ဒီဇိုင်းအမျိုးမျိုး  ယက်လုပ်ရောင်းရသဖြင့် နေ့စဉ် ဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ဝါးထရံ ဝယ်ယူသူများအနေဖြင့် ရေစိမ်ဝါးဖြင့် ယက်လုပ်သည့် ထရံများကို ပိုမိုကြိုက်နှစ်သက်သဖြင့် တံတားဦးမြို့နယ် ဧရာဝတီမြစ်ဘေးရှိ ရေစိမ်ဝါးရောင်းချသူများထံမှဝယ်ယူကာ  ယက်လုပ်ရောင်းချကြောင်း  ထရံယက်လုပ်သူများထံမှ သိရသည်။                            


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages