MNP - ဩဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယမန်နေ့ ညနေ(၃)နာရီခွဲအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့် အိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
တောင်မြေပြိုကျမှုကြောင့် ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာအုပ်စု၊ ရေကန်တောင်ကျေးရွာ တွင် ရေလုပ်ငန်းလုပ်ကိုင်သူ ဦးထိန်လင်း၏ အလျား(၄၀)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၂)ပေခန့်ရှိ ဓနိ မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်းနေအိမ်သည် မြေပြိုကျမှုကြောင့် နေအိမ်အရှေ့ ဝရံတာ ထိခိုက်ပျက်စီးခဲ့ပြီး ၎င်းကျေးရွာနေ ရေလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ညီညီသိန်း၏ ဆောက်လုပ်နေဆဲဖြစ်သော အလျား (၄၀)ပေ၊ အနံ(၂၈)ပေ၊ အမြင့်(၁၂)ပေ ခန့်ရှိ ဓနိမိုး၊ အခင်းအကာမရှိသည့် အိမ်အရှေ့ ဝရံတာပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၂)သိန်းရှိကြောင်း သိရသည်။
အဆိုပါမြေပြိုကျမှုများကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေး မှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများက ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြောင်း၊ ဦးထိန်လင်းနှင့် မိသားစုဝင်(၂)ဦးတို့သည် ကျေးရွာရှိ ဆွေမျိုးများ၏ နေအိမ်တွင် ယာယီနေထိုင်လျက်ရှိကြောင်း သိရ သည်။
သတင်း - စည်သူရအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment