MNP - သြဂုတ် ၂၆
ကိုကိုကျွန်းမြို့နယ်သန့်ရှင်းသာယာလှပစေရန် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံနက် (၇:၃၀) နာရီအချိန် က သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသန့်ရှင်းရေးဆောင်ရွက်ရာတွင် ကိုကိုးကျွန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်မောင်ဝင်းနှင့် ကိုးကိုးကျွန်းမြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်အသီးသီးမှ အရာရှိစစ်သည်များ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ပြီး ကျောင်းလမ်းတစ်လျှောက် ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ပြီး မြို့နယ်အတွင်းရှိ ရေမြောင်းများအတွင်းရှိ အမှိုက်များသန့်ရှင်းရေး ပြုလုပ်ခြင်းရွံ့နွံများကို ဆယ်ထုတ်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့လုပ်အားပေးပြုလုပ်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ်(၃) စစ်ဗျူဟာမှုး ဗိုလ်မှူးကြီး သိန်းထိုက်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ဥက္ကဋ္ဌ ဦးဆန်းမင်းနှင့်အဖွဲ့ဝင်များ လာရောက်၍ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment