နမ့်စန်တွင် သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ



MNP - ဩဂုတ်   ၃၀


ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ သဘာပတိအဖြစ် သမဝါယမ အသင်းစုဥက္ကဌ ဦးကျော်ရွှေက အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးသူရိန်ချစ်ဆွေက အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း/အရှေ့ပိုင်း) သမဝါယမ အသင်းစုချုပ် လီမိတက် ဒုတိယဥက္ကဌ ဦးမြလွင်က သမဝါယမသင်းများ၏ အခြေနေအရပ်ရပ်နှင့် အရပ်ရပ် ဆိုင်ရာအစည်းအဝေး ဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အသင်းမှတာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာ အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။


အဆိုပါ အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ ရှမ်းပြည်နယ် သမဝါယမဦးစီးဌာနမှ ဒုတိယ ပြည်နယ် ဦးစီးမှူး ဦးသူရိန်ချစ်ဆွေ ၊ ရှမ်းပြည်နယ် (တောင်ပိုင်း/အရှေ့ပိုင်း) သမဝါယမ အသင်းစုချုပ်လီမိတက် ဒုတိယဥက္ကဌ ဦးမြလွင် ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်း ၊ သမဝါယမ အသင်းစု ဥက္ကဌ ဦးကျော်ရွှေနှင့် နမ့်စန်မြို့နယ်အတွင်းရှိ သမဝါယမ အသင်း ( ၅၅ )သင်းမှ အသင်းဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)