အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု အခမ်းအနားကျင်းပ

 


MNP - သြဂုတ်  ၉


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။


ရှေးဦးစွာ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့် အမှာစကားပြောကြားပေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင် က အာဟာရရက်သတ္တပတ် လှုပ်ရှားမှုများအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မိခင်ကလေးကျောင်းကျန်းမာအာဟာရဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မြသက်ဖြူက အာဟာရဓာတ်ဆုံးရှုံးမှု နည်းသောချက်ပြုတ်နည်းများအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားပေးခဲ့ သည်။ ဆက်လက်ပြီး အသက်(၅)နှစ်အောက် ကလေးများအား အင်အားပြည့်ဗီတာမင်အေ၊ သံချဆေးများနှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား သံဓါတ်ဆေးပြား တိုက်ကျွေးခြင်းအာဟာရများ ထောက်ပံ့ပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများအနေဖြင့် ပထမသီတင်းပတ်တွင် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယသတင်းပတ်တွင် ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယသတင်းပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္တသီတင်းပတ်တွင် အိုင်အိုဒင်းချို့တဲ့မှု ရောဂါပပျောက်ရေးနှင့် အစာတွင်အဏုအာဟာရ ဖြည့်စွက်ရေး ရက်သတ္တပတ်များဖြင့် အိမ်မဲမြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးကျော်အောင် ပြောကြားချက်အရ သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)