မြန်အောင်မြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 



MNP - သြဂုတ်   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ပူးပေါင်း၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကျေးရွာများအရောက် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ မျှင်ဝါးတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် ကညင်ငူကျေးရွာအုပ်စု၊ ကညင်ငူရွာသစ်ကျေးရွာ ပညာရာမဘုန်းတော်ကြီးဓမ္မာရုံတို့၌ ဌာနဆိုင်ရာအဖွဲ့(၂)ဖွဲ့ခွဲ၍ ယမန်နေ့နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဖြစ်ကြောင်း၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။


ဆက်လက်၍ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်သူရိန်ထွန်းက ရပ်ရွာလုံခြုံရေး၊ မှန်ကန်သည့် အတွေးအမြင်နှင့် ပူးပေါင်းပါဝင်မှုရှိရေး၊ စည်းလုံးညီညွတ်မှုနှင့် ရပ်ရွာဖွံ့ဖြိုးရေးကိုဒေသခံ ပြည်သူများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး ဌာနဆိုင်ရာအကြီးအကဲများက ဌာနအလိုက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေး ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးသည်။


ဆွေးနွေးမှုများနှင့်ပတ်သက်၍ ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးကြရာ မြို့နယ်ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်ချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


 ထို့နောက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၏ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော (၂)အောက်ကလေးငယ်များအား ထောက်ပံ့ခြင်း၊ သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့်ကြက်ဥရောင်းချပေးနေခြင်းများအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီးမြင့်ကျော်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းဇော်ထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)