သရက်ချောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားကျောင်းပေါင်းစုံ အမျိုးသမီးဖူဆယ်ဘောလုံး ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလားကျောင်းပေါင်းစုံ အမျိုးသမီးဖူဆယ်ဘောလုံး ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား



MNP - သြဂုတ်   ၁၁


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သော အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အမျိုးသမီးဖူဆယ်ဘောလုံးဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ဆက်လက်ယှဉ်ပြိုင် ကစားလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဆီမီးဖိုင်နယ်(ပထမ)ပွဲစဉ်ဖြစ်  နံနက် ၁၀ နာရီအချိန်က (အ.ထ.က) သရက်ချောင်း (က) အသင်းနှင့် (အ.ထ.က) ခွဲ တီထွင်ပြင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ (အ.ထ.က) သရက်ချောင်း (က) အသင်းက ၂ ဂိုး ၀ ဂိုးဖြင့်လည်းကောင်း၊  (ဒုတိယ) ပွဲစဉ်ဖြစ် နံနက် ၁၁ နာရီအချိန်က (အ.ထ.က) ခွဲပိန်းတောအသင်းနှင့် (အ.ထ.က) သရက်ချောင်း (ခ) အသင်းတို့ ယှဉ်ပြိုင်ကစားရာ (အ.ထ.က) သရက်ချောင်း (ခ) အသင်းက ၆ ဂိုး ၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၂ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ အားကစားမှူးထံမှ သိရသည်။


သတင်း - သားကြီး


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)