ဖျာပုံမြို့နယ် အောင်သာယာကျေးရွာ အလက-ခွဲကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ နှင့် နံရံကပ်စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ် အောင်သာယာကျေးရွာ အလက-ခွဲကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ နှင့် နံရံကပ်စာစောင်ပြသ



MNP - သြဂုတ်   ၃၀


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိ ပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က ဖျာပုံမြို့နယ်၊ အောင်သာယာကျေးရွာအုပ်စု အလက-ခွဲကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်က "လူငယ်ဘဝ ပညာသင်အရွယ်မှစပြီး မိမိဝါသနာပါရာ ရည်မှန်းချက်ကို ဆန္ဒအဓိကထားပြီး ကြိုးစားကြစေလိုကြောင်း၊ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် စာပေဖတ်ရှုလေ့လာခြင်း၏ အကျိုး ကျေးဇူးများနှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရရှိစေသော စာပေများကိုလည်း လေ့လာဖို့ လိုကြောင်း" အသိပညာပေး ဟောပြောပြီး ဖျာပုံမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ် အားကစားမှူး ဒေါ်စုမြတ်သဲက "အားကစားနှင့် အနာဂတ်လူငယ်များဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများတွင် လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချ ကြစေလိုပါကြောင်း" အသိပညာပေးဟောပြောသည်။


ထို့နောက် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ခိုင်နွယ်လတ်က စာပေ အကြောင်း သိကောင်းစရာများအား အသိပညာပေး ဟောပြောပြီး မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ဖျာပုံမြို့နယ် အားကစားမှူးက အောင်သာယာ ကျေးရွာ အလက-ခွဲ ကျောင်းအတွက် အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးထိုက်က လက်ခံရယူသည်။ ဆက်လက်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်များ ပြသခြင်းနှင့် အသိပညာပေး နံရံကပ် စာစောင်ပြသခြင်းကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပါဝင်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရ သည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)