ထန်းတပင်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့်မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့်မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်



MNP - သြဂုတ်   ၉


ပဲခူးတိုင်းဒေသကြီး၊  တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်နှင့်မိခင်နို့ စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုကို မြို့နယ် ပြည်သူ့ဆေးရုံ၌ ယမန်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ ဒေါက်တာ သန့်ဇော်မောင်နှင့် ကျန်းမာ‌ရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးနှင့်အဖွဲ့ဝင်များက ဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ပထမပတ်အနေဖြင့် မွေးကင်းစမှ (၆)လအရွယ်ထိ ကလေးသူငယ်များအား မိခင်နို့ရည် တစ်မျိုးတည်းကိုသာ စနစ်တကျတိုက်ကျွေးကြရန်နှင့် ထို့သို့တိုက်ကျွေးခြင်းဖြင့် မွေးကင်းစမှ (၆)လအရွယ်ရှိ ကလေးသူငယ်များ ကျန်းမာဖွံ့ဖြိုးနိုင်မည်ဖြစ်ကြောင်းနှင့် ရောဂါဘယ ကင်းရှင်းနိုင်မည်ဖြစ်ကြောင်းတို့ကို ကလေးမိခင်များအား အသိပညာပေးဟောပြောခဲ့ပြီး နို့တိုက်မိခင်များအား အာဟာရပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)