ကွမ်းလုံမြို့၌ ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းလုံမြို့၌ ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

 


MNP - ဩဂုတ်   ၁၁


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း(၃၆) ဦးတက်ရောက်ခဲ့ကြသည်။


အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ကွမ်းလုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးနိုင်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးခင်မောင်တင့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းနိုင်လင်းတို့က ပလပ်စတစ်အလွန်အကျွံသုံးစွဲခြင်း ဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ၊ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ၊ ပလပ်စတစ်များကို စနစ်တကျစွန့်ပစ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပလပ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ကြသည်။


ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက ပလပ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များကို ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)