တနင်္သာရီမြို့နယ်၊ ပဝချောင်းရေလျှံတက်၍ ပဝကျေးရွာအုပ်စုအတွင်းရှိအခြေခံပညာ ကျောင်း(၄)ကျောင်းယာယီပိတ်ထားရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်၊ ပဝချောင်းရေလျှံတက်၍ ပဝကျေးရွာအုပ်စုအတွင်းရှိအခြေခံပညာ ကျောင်း(၄)ကျောင်းယာယီပိတ်ထားရ

 


MNP - ဩဂုတ်   ၁၀


၂၀၂၂ ခုနှစ်၊ သြဂုတ်လ(ပထမ)ပါတ်အတွင်း တနင်္သာရီမြို့နယ်တွင် မိုးရွာသွန်းမှုများပြားခဲ့ သဖြင့် ပဝကျေးရွာအုပ်စုအတွင်းသို့ စီးဆင်းနေသည့် ပဝချောင်း၌ ရေလျှံတက်လာသဖြင့် ယမန်နေ့နံနက် ၉ နာရီအချိန်အထိ ပဝအုပ်စုအတွင်းရှိ သာယာကုန်းတောင်ကျေးရွာ၊ အင်းဝိုင်းကျေးရွာ၊ ဖိုးမဲကျေးရွာနှင့် ပဝထိန်ကျေးရွာများရှိ ကျေးရွာတွင်းလမ်းအချို့နှင့် မြေအနိမ့်ပိုင်းရှိနေအိမ်ခြံဝန်းများအတွင်း ရေဝင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။


သို့ပါ၍ ကျောင်းသား/သူများ အန္တရာယ် မဖြစ်ပွားစေရေးအတွက် အလက(ခွဲ)-သာယာကုန်း (တောင်)၊ အမက(ဖိုးမဲ)ရွာ၊ အမက-အင်း ဝိုင်းကုန်းနှင့်အမက-ပဝထိန်ရွာ စသည့် (၄) ကျောင်းမှ သက်ဆိုင်ရာကျောင်းအုပ်ဆရာ/မကြီးများက မြို့နယ်ပညာရေးမှူးထံသတင်းပို့၍ ယာယီကျောင်းပိတ်ထားခဲ့ကြောင်း၊  ကျောင်းပိတ်ရသည့်ရက်များကို အဖိတ်/ဥပုဒ်ကျောင်း ပိတ်ရက်များမှာ အစားထိုးပြန်လည်သင်ကြားရန် စီစဉ်ထားရှိကြောင်း သိရသည်။


ယနေ့ ယာယီပိတ်လိုက်ရသည့် အလက(ခွဲ)-သာယာကုန်း(တောင်)ကျောင်းတွင် ကျောင်းသူ/သားပေါင်း(၃၅၃)ဦးရှိ၍၊ အမက(ဖိုးမဲ)ရွာ တွင်(၉၀)ဦး၊ အမက-အင်းဝိုင်းကုန်း၌(၁၈၁)ဦး၊ အမက-ပဝထိန်ကျောင်း၌(၁၅၇)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ထိန်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)