ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း သင်တန်းအတွေ့အကြုံရှင်းလင်းပွဲနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း သင်တန်းအတွေ့အကြုံရှင်းလင်းပွဲနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေးပွဲကျင်းပ

 


MNP - ဩဂုတ်   ၉


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းကကြီးမှူး၍ သင်တန်းအတွေ့အကြုံရှင်းလင်းပွဲနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ချမှတ်ဆောင်ရွက်ရေးဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီခွဲကရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြု(Community   Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပြည်သူများ ပူးပေါင်းပါဝင်စေရေးရှင်းလင်းပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ဘေးအန္တာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၁/၂၀၂၂ မူးယစ်ဝါးတားဆီးကာကွယ် ရေးနှင့် ကြီးကြပ်ရေးသင်တန်းတက်ရောက်ခဲ့သည့် ရမည်းသင်းမြို့နယ်မှ မောင်ရဲဝင့်ဟိန်းအောင်က သင်တန်းတက်ရောက်ပြီး လက်တွေ့ခံစားမှုနှင့် အတွေ့အကြုံကိုလည်းကောင်း၊ ပျော်ဘွယ်မြို့နယ်မှ ဦးကျော်ကျော်ဇင်က ပြန်လည်ထူးထောင်ရေးစခန်း၏ မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည်ထူပေးခြင်းလုပ်ငန်းနှင့် အမျိုးသမီးများဖြစ်ပါက အသက်မွေးဝမ်းကြောင်းသင်တန်းများ သင်ကြားပေးခြင်းတို့ကိုလည်းကောင်း၊ ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (အတွင်းရေးမှူး)ဦးအောင်ချမ်းမင်းက မူးယစ်ဆေးဝါးကြီးကြပ်ရေး သင် တန်း ၁/၂၀၂၂သင်တန်းတွင် နှစ်သိမ့်ဆွေးနွေးခြင်းလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးဖြတ်သည့် စခန်းများပို့ဆောင်ပေးရေးတို့ကိုလည်း ကောင်းအသီးသီးရှင်းလင်းခဲ့ကြကာ ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဥက္ကဋ္ဌ)ဦးဇော်မင်းစိုးကရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်းပြီး မူးယစ်ဆေးဝါး တားဆီးကွာကွယ်ရေးထိရောက်စေရန် ကြိုတင်ကာကွယ်ခြင်း၊ ပေါင်းစပ်ဖြေရှင်းခြင်းနှင့် ပြန်လည်ထူထောင်းခြင်းတို့ကို ဆွေးနွေးပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ရမည်းသင်းခရိုင်အနေဖြင့် ကြိုတင်ကာကွယ်ခြင်းဖြစ်တဲ့ အသိပညာပေးဟောပြောပွဲများ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးစာစီစာကုံးပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများ မူးယစ်ဆေးဖြတ်နိုင်ရန် နှစ်သိမ့်ဆွေးနွေးကာ ပြန်လည်ထူထောင်ရေးစခန်းပို့ပေးခြင်းကိုလည်းကောင်းရှင်းလင်းပြောကြာ းသည်။


ထို့နောက် တက်ရောက်လာသူများကမူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး ပိုမိုထိရောက် စေရန်ဆွေးနွေးခဲကြရာ တာဝန်ရှိသူများက ပြန်လည်းရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ဝင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)