မိုင်းယုမြို့ရှိ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့ရှိ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု



MNP - ဩဂုတ်   ၉


ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၌ နေကြာစိုက်ခင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


ယင်းသို့ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က “နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း နေကြာကို မိုင်းယုမြို့၌ စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ နေကြာစိုက်ပျိုးမှုနှင့်ပတ်သက်၍ လမ်းညွှန် ပြောကြားခဲ့သည်။


“မိုင်းယောင်းမြို့နယ်အနေဖြင့် မိုင်းယောင်းနှင့် မိုင်းယုမြို့၌ စုစုပေါင်း‌ နေကြာစိုက်ခင်း ဧက(၂၀)ကျော် စိုက်ပျိုးထားကြောင်း၊ နေကြာစိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေကြာစိုက်ပျိုးခြင်းဖြင့် ဒေသနေပြည်သူများအတွက် စားသုံးဆီဖူလုံရေးနှင့် တစ်ဖက်တစ်လမ်းမှလည်း ဝင်ငွေများ ရရှိနိုင်ကြောင်း” မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောကြားခဲ့သည်။


နေကြာစံပြစိုက်ခင်းကို ဝဥနှင့်သီးညှပ်စိုက်ပျိုးထားခြင်းဖြစ်ပြီး ယခုအချိန်တွင် နေကြာပွင့်များ ပွင့်နေပြီး နေကြာအစေ့များလည်း အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း၊ အဆိုပါနေကြာ စိုက်ခင်းကို တာကြန့်ကျေးရွာအုပ်စု ဆမ်မိန်းကျေးရွာအနီးကွင်းပြင်ရှိ တောင်သူဦးကိုစိုင်း၏ ယာခင်း၌ စမ်းသပ်စိုက်ပျိုးထား ကြောင်း၊ ရေဆင်း-၁ မိုးနေကြာကို အဓိကစိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးမှုနည်းပညာများကို တောင်သူများအား ပေါင်းစပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း မိုင်းယုမြို့စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့ထံမှ သိရသည်။


အဆိုပါ နေကြာစိုက်ခင်းသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုး၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့နှင့် နေကြာစိုက်တောင်သူများ တက်ရောက်၍ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။


သတင်း - အားချာ


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)