ငပုတောမြို့နယ်အတွင်း အစိမ်းရောင်နယ်မြေ သတ်မှတ်ထားသည့်‌ ကျေးရွာအုပ်စုတို့အား စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် လုပ်ငန်းတာဝန်များ ကွင်းဆင်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်အတွင်း အစိမ်းရောင်နယ်မြေ သတ်မှတ်ထားသည့်‌ ကျေးရွာအုပ်စုတို့အား စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် လုပ်ငန်းတာဝန်များ ကွင်းဆင်းဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပ



MNP - သြဂုတ်   ၂၉


ငပုတောမြို့နယ်အတွင်း အစိမ်းရောင်နယ်မြေ သတ်မှတ်ထားသည့်‌သဲဖြူကျေးရွာအုပ်စု၊ ငပြေမကျေးရွာအုပ်စု၊ ဖောင်တိုးကျေးရွာအုပ်စုတို့အား စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် လုပ်ငန်းတာဝန်များ ကွင်းဆင်းဆောင်ရွက်ရန် အတွက် ဖွဲ့စည်း‌တာဝန်‌ပေးအပ်ထား‌သော ကွင်းဆင်းအဖွဲ့‌ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၂၇ ရက်နေ့ မွန်လွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် အတွင်းရေးမှူး၊ ရဲမှူး ဦးမြင့်ရွှေနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက စစ်ကြောင်းကြီး ၅ ကြောင်းဖြစ်သည့် တရားဥပဒေစိုးမိုး‌ရေးစစ်ကြောင်း ရပ်ရွာ‌အေးချမ်းသာယာ‌ရေး၊ မှုခင်းဖြစ်ပွားမှုမရှိစေရေး၊ မလိုအပ်သည့် ဖြစ်ပွားမှုမရှိ‌စေရေး၊ အုပ်ချုပ်ရေးစစ်ကြောင်းအနေနဲ့ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းများ ပြီးစီးစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ပြည်သူ့စစ်အဖွဲ့၊ အထောက်အကူ အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေး၊ ပညာရေးစစ်ကြောင်းအနေနဲ့ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်စေရေး အလယ်တန်း၊ အထက်တန်းသင်‌ယူပြီး မြောက်စေရန် အေးချမ်းစွာ ပညာသင်ကြားစေရန်၊ ကျောင်များ ဥပဓိရုပ်ကောင်းမွန်စေရန်၊ သန့်ရှင်းသပ်ရပ်မှု ရှိစေရန်၊ ပညာရေးဌာနမှ CDM   ဝန်ထမ်းများအား လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် ရန်အတွက် စည်းရုံး ဖိတ်ခေါ်ရန်၊ ကျန်မာရေးစစ်‌ကြောင်းအနေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရန် ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါကြိုတင်ကာကွယ်ရန်၊ ကာကွယ်ရေးစစ်ကြောင်း အနေနှင့် ကျေးရွာများတွင် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံ၍ လုံခြုံရေးကိစ္စများ ဆောင်ရွက်ရန်၊ ပြည်သူ့စစ်နှင့် အရန်မီးသတ်တပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်‌စေရေး စသည့်စစ်ကြောင်း ၅ ကြောင်း၏ ဆောင်ရွက် ရမည့် လုပ်ငန်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။


ဆက်လက်၍  အုပ်စု(၁) အဖွဲ့‌ခေါင်းဆောင် ရဲမှူး မြင့်ရွှေနှင့် အုပ်စု(၂) အဖွဲ့ခေါင်ဆောင် ဗိုလ်မှူး ဖြိုးသူရကျော် တို့က အဖွဲ့တွင် ပါဝင်သည့် သက်ဆိုင်ရာဌာနအဖွဲ့ဝင်များအား ကွင်းဆင်းဆောင်ရွက်ရမည့် အခြေအနေများ အား ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာအဖွဲ့ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)