ငါးသိုင်းချောင်းမြို့ရှိ ဈေးများ၌ ပထမဆုံး ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့တွင် ပြည်သူများလိုက်နာဆောင်ရွက်နေမှုအခြေအနေအား လိုက်လံစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့ရှိ ဈေးများ၌ ပထမဆုံး ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့တွင် ပြည်သူများလိုက်နာဆောင်ရွက်နေမှုအခြေအနေအား လိုက်လံစစ်ဆေး

 



MNP - သြဂုတ် ၂၈


ကျုံပျော်ခရိုင် ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး၊ အောင်ဆန်းဈေးတို့နှင့် ပျံကျဈေးများ၌ ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့ ပထမဆုံးနေ့ တနင်္ဂနွေနေ့တွင် ဈေးရောင်းဈေးဝယ် ပြည်သူများအနေဖြင့် သိရှိလိုက်နာဆောင်ရွက်နေမှုအား ငါးသိုင်းချောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိ ဦးခင်ညွန့်တို့ကဦးဆောင်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဈေးများအတွင်း လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။


ပြည်သူများအနေဖြင့် ကျန်းမာရေးကောင်းမွန်ပြီး လူမှုစီးပွားအဆင်ပြေစေရန်၊ သဘာဝပတ်ဝန်းကျင်တွင် ပလတ်စတစ်ကြောင့် ညစ်ညမ်းမှုသက်သာစေရန်အတွက် ပလတ်စတစ်သုံးစွဲမှုကို လျော့ချရန်လိုအပ်သောကြောင့် ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့ကို သတ်မှတ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ငါးသိုင်းချောင်းမြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က အသိပေးပြောကြားခဲ့ပါသည်။


ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများအတွင်း ဈေးရောင်းချသူများအနေဖြင့် ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့ ယနေ့ပထမဆုံးတနင်္ဂနွေနေ့မှစ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း၌ ပလတ်စတစ်အိတ်များအစား ယခုလို အခြားသင့်လျော်သော ထုပ်ပိုးပစ္စည်းများကိုသာ အစားထိုးသုံးစွဲကြခြင်းဖြင့်ဆက်လက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိ ဦးခင်ညွန့်က ထပ်မံတိုက်တွန်းနိုးဆော်ခဲ့ကြောင်း သိရှိရပါသည်။


သတင်း - နှင်းယုဝေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)