ရေဖြူမြို့နယ် ရှေ့ဦးပြုစုခြင်း သင်တန်းအမှတ်စဉ် (၅/၂၀၂၂) သင်တန်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဖြူမြို့နယ် ရှေ့ဦးပြုစုခြင်း သင်တန်းအမှတ်စဉ် (၅/၂၀၂၂) သင်တန်းဆင်း

 



MNP - ဩဂုတ်   ၁၁


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းက ကြီးမှူး၍ ထိခိုက်ဒဏ်ရာရှေ့ဦးပြုစုခြင်းသင်တန်းအမှတ်စဉ် (၅/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်၊ သီတဂူဓမ္မဝိဟာရ‌ကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြင့်က သင်တန်းဆင်း အမှာစကားပြောကြားကာ လူမှုဂရုဏာလုပ်ငန်းသင်တန်းဖြစ်သည့် ရှေ့ဦးပြုစုခြင်း သင်တန်းကိုစိတ်ပါဝင်စားစွာ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်သည့် အတွက် ကျေးဇူးတင်ကြောင်း၊ လက်တွေ့သရုပ်ပြမှုများတွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ကြသည့်အတွက် အားရပါကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားပါသည်။


သင်တန်းကို သင်တန်းနည်းပြ (၅) ဦးဖြင့် ပို့ချခဲ့ပြီး သဲချောင်းကျေးရွာ၊ ဓမင်းဆိပ်ကျေးရွာ၊ တောင်ရင်းအင်းကျေးရွာ၊ ဖောင်းတောကျေးရွာ၊ ဂန့်ဂေါ်တောင်ကျေးရွာများမှ သင်တန်းသား/သူ စုစုပေါင်း (၃၀) ဦးအား စာတွေ့လက်တွေ့ သရုပ်ပြမှုပါ (၃) ရက်ကြာ ပို့ချသွားပြီး သင်တန်း၌ ထူးချွန်သူများဂုဏ်ပြုချီးမြှင့်ကာ သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့‌ကြောင်းသိရသည်။


သတင်း - ခတ္တာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)