မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံ

 




MNP - ဩဂုတ်  ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအား စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉:၀၀) နာရီမှ နေ့လယ်(၃)နာရီအထိ အမှတ်(၂)ရပ်ကွက်ရှိ မယ်လမုရားဝန်းအတွင်းရှိ ဆေးထိုးစု ရပ်စင်တနှင့်အခြေခံပညာကျောင်းများတွင် ထပ်ဆောင်းကာကွယ်ဆေး Booster (Cinovac)၊ Sinopharm နှင့် Covaxin ကာကွယ်ဆေးများ သတ်မှတ်အလိုက် ထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


အဆိုပါဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးအောင်လောဟာ၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီရေးအသင်းများမှ ပြည်သူများအား အပူချိန်တိုင်းခြင်း၊ ဖျားနာခြင်းရှိ/မရှိ၊ ကာကွယ်ဆေးများ ထိုးနှံထားခြင်း ရှိ/မရှိ စနစ်တကျစစ်ဆေးပြီး ဆေးထိုးအဖွဲ့များခွဲ၍ ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။


မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအား ဆေးတစ်ကြိမ် မှမထိုးနှံရသေးသူများအား ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးပြီး ရာနှုန်းပြည့်လွှမ်းခြုံမှုရှိစေရန် ဦးတည်အုပ်စုအလိုက်  ထပ်ဆောင်းကာကွယ်ဆေး (Booster Sinovac) ထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။


သတင်း - လှလှထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)