ဝမ်းတွင်းမြို့နယ်တွင် ဒေသခံပြည်သူ (၁၀၄၀) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်တွင် ဒေသခံပြည်သူ (၁၀၄၀) ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

 



MNP - ဩဂုတ်   ၁၁


မန္တလေးတိုင်းဒေသကြီး၊  ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ်အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက သက်ဆိုင်ရာစုရပ်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ယခုလို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများအရောက် ထိုးနှံပေးခြင်း၊ သက်မှတ်ထားသောစုရပ်များ၌ ထိုးနှံပေးရာတွင် အသက် (၆၅) နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများကို ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် Sinopharm First Dose Phase13 (၇၀)ဦး၊ Myancopharm First Dose Phase.13 (၁၀၀)ဦး၊ Sinopharm Second Dose Phase.11 (၃၇၀) ဦး၊ Myancopharm Second Dose Phase.11 (၅၀၀) ဦး၊ စုစုပေါင်း ပြည်သူ (၁၀၄၀) ဦးအား ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။


သတင်း - ဌေးလှိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)