ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ကျင်းပ

 



MNP - သြဂုတ်   ၁၁


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသား/ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ပဲခူးမြို့ တိုင်းအားကစားခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


ဆုပေးပွဲအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာစစ်တုရင် သက်ငယ်အတိုးတက်ဆုံး အားကစားသမားဆုရရှိသူ သာယာဝတီမြို့နယ်မှ မောင်ခန့်မင်းခန့်အား ဆုတံဆိပ်နှင့် ငွေသားဆု (၃)သောင်းကျပ်အား တိုင်း‌ဒေသကြီးပညာရေးမှူးရုံး ဒုတိယတိုင်းပညာရေးမှူး ဦးခင်အောင်ရီက လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အသက်(၁၈)နှစ်အောက် (၁)ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသူ သာယာဝတီမြို့နယ်မှ မောင်ခန့်ဇော်ပိုင်အား ဆုတံဆိပ်နှင့် ငွေသားဆု (၁)သိန်းကျပ်၊ ဒုတိယဆုရရှိသူ ပဲခူးမြို့နယ်မှ မောင်လင်းထက်အောင်အား  ဆုတံဆိပ်နှင့် ငွေသားဆု (၇)သောင်းကျပ်၊တတိယ ဆုရရှိသူ ပဲခူးမြို့နယ်မှ မောင်အောင်ကောင်းမြတ်အား ဆုတံဆိပ်နှင့် ငွေသားဆု(၅)သောင်းကျပ်တို့အား တိုင်း‌ဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်ကလည်း ကောင်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အသက်(၂၅)နှစ်အောက် အမျိုးသမီး (၁)ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသူ တောင်ငူမြို့နယ်မှ မအိပိုးသွယ်အား  ဆုတံဆိပ်နှင့် ငွေသားဆု (၁)သိန်းကျပ်၊ ဒုတိယဆုရရှိသူ တောင်ငူမြို့နယ်မှ မမျိုးမျိုးသူအား ဆုတံဆိပ်နှင့် ငွေသားဆု (၇)သောင်းကျပ်၊ တတိယဆုရရှိသူ ပဲခူးမြို့နယ်မှ မတင်မြင့်မြင့်ဝင်းအား ဆုတံဆိပ်နှင့် ငွေသားဆု (၅)သောင်းကျပ်တို့အား တိုင်း‌ဒေသကြီးရှေးဟောင်း သုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ကလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အသက်(၂၅)နှစ်အောက် အမျိုးသား (၁)ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသူ ပြည်မြို့နယ်မှ မောင်အောင်သူဟိန်းအား ဆုတံဆိပ်နှင့် ငွေသားဆု (၁)သိန်းကျပ်၊ ဒုတိယဆုရရှိသူ တောင်ငူမြို့နယ်မှ မောင်သူရိန်ထွန်းအား ဆုတံဆိပ်နှင့် ငွေသားဆု (၇)သောင်းကျပ်တို့အား တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်ကလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အလွတ်တန်း အမျိုးသား (၁)ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသူ ပဲခူးမြို့နယ်မှ မောင်မျိုးကျော်လှိုင်အား ဆုတံဆိပ်နှင့် ငွေသားဆု (၁)သိန်းကျပ်၊ ဒုတိယဆုရရှိသူ တောင်ငူမြို့နယ်မှ မောင်စံလင်းအား ဆုတံဆိပ်နှင့် ငွေသားဆု (၇)သောင်းကျပ်တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က လည်းကောင်း၊ ဒိုင်အဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ငွေ ကျပ်(၂)သိန်းနှင့် အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆု ဖလားရရှိသော ပဲခူးခရိုင်အသင်းအား ဆုဖလားနှင့် ငွေသားဆု (၇)သိန်းကျပ်တို့အား တိုင်း‌ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်တို့မှ ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်နှင့် တိုင်း/ခရိုင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သတင်းရသည်။


သတင်း - သက်ဖြိုးကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)