သီပေါမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် ဆောင်ရွက်

 



MNP - ဩဂုတ်   ၂၆


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၃)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများတွေ့ဆုံ၍ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများ အားဂုဏ်ပြုဆုချီးမြှင့်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မြို့နယ်၏ဂုဏ်ဆောင်၍ ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အစီအစဉ်ဖြင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးပြေငြိမ်းက  အလှူရှင်များမှ လှူဒါန်းထားသော အလှူငွေ ကောက်ခံရရှိမှုအခြေအနေများနှင့် ဂုဏ်ပြုဆုချီးမြှင့်မည့် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက မြို့နယ်အတွင်း ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၏ အရေအတွက်နှင့်တက်ရောက်သောကျောင်းများ စာရင်းကိုလည်းကောင်း၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိဦးအောင်စည်က ဂုဏ်ပြုဆုချီးမြှင့်မည် အခမ်းအနား ဆောင်ရွက်ပြင်ဆင်မည့် အခြေအနေများကိုလည်းကောင်း၊ ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများက မိမိတို့ကျောင်းအလိုက် ထူးချွန်ကျောင်းသား၊ ကျောင်းသူ များစာရင်းကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြပြီး အသီးသီး အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သီပေါမြို့နယ်၌ ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အ.ထ.က(၁) သီပေါစာစစ်ဌာနနှင့် အ.ထ.က နမ့်လန် စာစစ်ဌာန(၂)ဖြင့်ဖြေဆိုခဲ့ကြရာ ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ(၂၉)ဦးရှိကြောင်း အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် အစီအစဉ်ဖြင့် ဂုဏ်ပြုဆုချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ခင်လေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)