ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဗိုဗီနမ်နည်းပြသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ဗိုဗီနမ်နည်းပြသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်






MNP ၊ ဩဂုတ် ၃၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “၂၀၂၂ ခုနှစ်၊ ဗိုဗီနမ်နည်းပြသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား” ကို ယမန်နေ့က နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း၊ Gold Camp ရှိ Multipurpose Hall ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြိုင်ပွဲများကို စနစ်တကျစည်းကမ်းပြည့်ဝစွာ ကျင်းပနိုင်ရေးနှင့် မျိုးဆက်သစ်အားကစားသမားများအား လေ့ကျင့်သင်ကြားပေးရာတွင် တာဝန်ယူကြရမည့် နည်းပြများအနေဖြင့် နည်းစနစ်များနှင့် နည်းဥပဒေများကို ကျွမ်းကျင်ပိုင်နိုင်စေရန်နှင့် မှန်ကန်စွာသင်ကြားလေ့ကျင့်ပေးရန်အတွက် ယခုသင်တန်းတွင် စာတွေ့/လက်တွေ့ သင်ခန်းစာများအား စနစ်တကျသင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ပြန်လည်ရောက်ရှိသည့် အခါ သင်တန်းတွင် သင်ကြားပို့ချခဲ့သည့် စာတွေ့/လက်တွေ့သင်ခန်းစာများ၊ နည်းစနစ်များနှင့် နည်းဥပဒေများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြန်လည်အသုံးချ၍ အကောင်အထည်ဖော်ပြီး အဖွဲ့ချုပ်နှင့်နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် နည်းပြဆရာကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်နှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား၊ သင်တန်းသူ(၂)ဦးကို သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဒုတိယအကြိုဗိုလ်လုပွဲ ပွဲစဉ်အား တက်ရောက်ကြည့်ရှုအားပေးသည်။

တတိယလုပွဲ ပွဲစဉ်အဖြစ် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် စက်တင်ဘာ ၂ ရက် ညနေပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)