ပုဏ္ဏားကျွန်းမြို့၌ ဦးရာဇ်မြေလူမှုရေးအသင်း(ရန်ကုန်)နှင့်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ သစ်ပင် ၁၀၀၀ ကျော်စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ဦးရာဇ်မြေလူမှုရေးအသင်း(ရန်ကုန်)နှင့်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ သစ်ပင် ၁၀၀၀ ကျော်စိုက်ပျိုး







MNP ၊ သြဂုတ် ၂၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ဦးရာဇ်မြေလူမှုရေးအသင်း(ရန်ကုန်)နှင့်မြို့ပေါ်လူမှုရေးအသင်းအဖွဲ့အစည်းများပူးပေါင်းပြီး၊ သဘာဝပတ်ဝန်းကျင်များ စိမ်းလန်းစိုပြေစေရေးနှင့် ရာသီဥတုကောင်းမွန်လာစေရန်ရည်ရွယ်၍ ယမန်နေ့၊ နံနက်ပိုင်းက သမိုင်းဝင်ဦးရာဇ်တော် ဘုရားတောင်ခြေရင်းပတ်ဝန်းကျင်နှင့်နတ်ဆိပ်ကျေးရွာလမ်းတစ်လျှောက်၌ ပျိုးပင်ပေါင်း ၁၀၀၀ ကျော်အား စိုက်ပျိုးပေးခဲ့ကြကြောင်းသိရသည်။

ထိုသို့စိုက်ပျိုးကြရာတွင် ဦးရာဇ်မြေလူမှုရေးအသင်း(ရန်ကုန်)မှ ဦးဆောင်ပြီး၊ မြို့ပေါ် လူမှုရေးအသင်းအဖွဲ့(၁၀)ဖွဲ့မှ လူငယ်များနှင့် နတ်ဆိပ်၊ မင်းဂံ၊ တန်းစွယ်နှင့်ရေဖြူကန်ကျေးရွာတို့မှ လူငယ် ၃၀၀ ကျော်ခန့်တို့က မန်းဇီးရှား၊ ကျွန်းဖြူနှင့် ယူကလစ်ပျိုးပင်ငယ် ၁၀၀၀ ကျော်ခန့်ကို စနစ်တကျစိုက်ပျိုးပေးခဲ့ကြသည်။

အဆိုပါပျိုးပင်ငယ်အချို့နှင့်စိုက်ပျိုးကုန်ကျစရိတ်အတွက်ကို အမေရိကန်နိုင်ငံရောက် ပုဏ္ဏားကျွန်းမြို့ခံသားတစ်ဦးနှင့်ဦးရာဇ်မြေလူမှုရေးအသင်း(ရန်ကုန်)မှ လှူဒါန်းပေးထားပြီး၊ နောက်အပတ်တွေမှာ ဂူဝဘုရားပတ်ဝန်းကျင်နဲ့မြို့ဧရိယာလမ်းဘေးတွေမှာ သစ်ပင်ပေါင်း ၅၀၀၀ အထိ၊ စိုက်ပျိုးပေးရန်စီစဉ်ထားရှိကြောင်း ဦးရာဇ်မြေလူမှုရေးအသင်း(ရန်ကုန်)၏ တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။ 


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)