ကြံခင်းမြို့နယ်တွင် သဘာဝရေပြင် (ဧရာဝတီမြစ်)အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၃)သိန်း ငါးမျိုးစိုက်ထည့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်တွင် သဘာဝရေပြင် (ဧရာဝတီမြစ်)အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၃)သိန်း ငါးမျိုးစိုက်ထည့်

 




MNP - သြဂုတ်   ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကြံခင်းမြို့နယ်တွင် ငါးသယံဇာတ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ ငါးသယံဇာတများ ပေါများကြွယ်ဝ စေရေးနှင့် ငါးရိက္ခာဖူလုံစေရေးတို့အတွက် သဘာဝရေပြင် (ဧရာဝတီမြစ်)အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃)သိန်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက  ကြံခင်းမြို့နယ် ဆုံလဲအုပ်စု ဆိပ်သာမက်သနောစက်ရုံဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


သဘာဝရေပြင်(ဧရာဝတီမြစ်)အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြန်အောင်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီး မြင့်ကျော်၊ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာန ဒုတိုင်းဦးစီးဌာနမှူး ဦးမြသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြန်အောင်ခရိုင် ဦးစီးမှူး ဦးတင်မြိုင်၊  ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်၊ ငါးလုပ်ငန်း စခန်းတာဝန်ခံနှင့် ဝန်ထမ်း များ၊ မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ယာယီတာဝန်ခံ ဒေါ်အေးမြင့်ဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ငါးမျိုး စိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ များ တက်ရောက်၍  သဘာဝရေပြင် (ဧရာဝတီမြစ်) အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ (၃)သိန်း ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)