နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်း


MNP ၊ ဩဂုတ်၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များ ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် Hybird စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးနှင့် ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျင်းပပြီးစီးခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ ခြောက်လပတ်ကာလ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် အဆိုပါအစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တင်ပြခဲ့သည့် ဝန်ကြီးဌာန၏ (၆) လတာကာလအတွင်း ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ‌ဆေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်မှုနှင့်ရရှိခဲ့သည့် အောင်မြင်မှုများ၊ အားသာချက်၊ အားနည်းချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ အခြားတင်ပြချက်များအနေဖြင့် ကျန်းမာရေးဝန်ထမ်းများအတွက် ပညာရှင်ဘွဲ့ ချီးမြှင့်ငွေ အပါအဝင် စားစရိတ်နှင့် ညစာ စားစရိတ်များကို နိုင်ငံတော်က တိုးမြှင့်၍ ချီးမြှင့်ပေးနိုင်ခဲ့သည့် အခြေအနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်အနက် အမှတ်စဉ်(၂)ဖြစ်သည့် လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဦးစီးဌာနအလိုက်၊ သက်ဆိုင်ရာကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆောင်ရွက်မှုမှတစ်ဆင့် ရရှိလာသည့် အတွေ့အကြုံများ အပေါ် လေ့လာသုံးသပ်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ယခုထက်ပိုမို တိုးတက်ကောင်းမွန် လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်၍ လုပ်ငန်းများကို ယခုထက်ပိုမိုထိရောက်စွာ ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)