စားသုံးသူပြည်သူများ အရည်အသွေးမှန်ကန်သည့် စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိစေရေးအတွက် ရပ်ကွက်အလိုက် လှည့်လည်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စားသုံးသူပြည်သူများ အရည်အသွေးမှန်ကန်သည့် စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိစေရေးအတွက် ရပ်ကွက်အလိုက် လှည့်လည်ရောင်းချ



MNP - ဩဂုတ် ၁၀


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူပြည်သူများ အရည်အသွေးမှန်ကန်သည့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာများသို့ Mobile စနစ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက သာယာအေးရပ်ကွက်၊ စံပြရပ်ကွက်နှင့် ပြည်တော်သာရပ်ကွက်များတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်း၏ အစီအစဉ်ဖြင့် ကျောက်ပန်းတောင်းမြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားအုန်းဆီများကို အရည်အသွေးမှန်ကန်၍ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်စေရန်အတွက် ရပ်ကွက်များသို့ ရည်ညွှန်းဈေး တစ်ပိဿာလျှင် ငွေကျပ် ၄၂၀၀ ကျပ်ဖြင့် လှည့်လည်ရောင်းချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယနေ့ရောင်းချမှုတွင် မြို့နယ်ဆီလုပ်ငန်းရှင်များဖြစ်သည့်  ဦးမြတ်မင်း (ပွင့်ကောင်းဆီစက်) က ပြည်တော်သာရပ်ကွက်ရှိ နဝရတ်ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ ဦးခင်ဇော်လင်း (ဝင်းထိုက်ဆီစက်)က စံပြရပ်ကွက် ဓမ္မာရုံဝန်းတွင်လည်းကောင်း၊ ဦးကျော်ဝဏ္ဏ (ဖေးဘရိတ်ဆီစက်) က သာယာအေးရပ်ကွက် သမဆိုင်ဝန်းအတွင်းတွင်လည်းကောင်း ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး၊ တစ်ရပ်ကွက်လျှင် ဆီပိဿာ (၄၄၀) ဆီဖြင့် ရပ်ကွက်သုံးရပ်ကွက်အတွက် စုစုပေါင်းဆီပိဿာချိန် (၁၃၂၀) ရောင်းချပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက ပြောပါသည်။


အဆိုပါ စားအုန်းဆီများ ရည်ညွှန်းဈေးတစ်ပိဿာ (၄၂၀၀) ကျပ်ဖြင့် လှည့်လည်ရောင်းချရာသို့ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများ အသင်းဥက္ကဋ္ဌ ဦးဝင်းဇော်ဦးနှင့် ဆီလုပ်ငန်းရှင်များ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - နေအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)