ရွှေကျင်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

 


MNP - ဩဂုတ်   ၁၁


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် မြို့နယ်ကုတင်(၁၀၀)ဆေးရုံအုပ် ဒေါက်တာ‌ ဒေါ်သွယ်သွယ်ထွန်း၏ လမ်းညွှန်မှုဖြင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန၏ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဒုတိယအပတ်အဖြစ် အသက် (၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်တင်တင်မိုးမှ ဦးဆောင်၍ကျန်းမာရေးဝန်ထမ်းများက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဒုတိယအပတ်အနေဖြင့်  ကလေးသူငယ်များ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါဘယကင်းရှင်းစေရေးအတွက် အသက်(၆)လမှ(၁)နှစ် ကလေးငယ်များအား ဗီတာမင်အေ တစ်သိန်းအား၊ အသက်(၁)နှစ်မှ (၅)နှစ်ထိ  ကလေးငယ်များအား  ဗီတာမင်အေ နှစ်သိန်းအားနှင့် အသက်(၂)နှစ်မှ (၅)နှစ်ထိ ကလေးငယ်များအား သံချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)