ရပ်ကွက်၊ ကျေးရွာ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများနှင့် ဌာနဆိုင်ရာများရှိ စာဖတ်ပရိသတ်များထံ စာအုပ်စာစောင်များ လှည့်လည်ဌားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်ကွက်၊ ကျေးရွာ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများနှင့် ဌာနဆိုင်ရာများရှိ စာဖတ်ပရိသတ်များထံ စာအုပ်စာစောင်များ လှည့်လည်ဌားရမ်းပေး

 


MNP - ဩဂုတ်  ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် မအားလပ်သဖြင့်ပြည်သူ့စာကြည်တိုက်သို့ မလာရောက်နိုင်သော မြို့နယ်တွင်းရှိ ရပ်ကွက်၊ကျေးရွာ‌နေပြည်သူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများနှင့် ဌာနဆိုင်ရာများရှိ စာဖတ်ပရိသတ်များထံ စာအုပ်စာစောင်များအား အပတ်စဉ်လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာဖြစ်သော မြို့နယ်စာရင်းစစ်ရုံးရှိ နိုင်ငံဝန်ထမ်းစာဖတ်ပရိသတ်များ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခဲ့သည်။


အဆိုပါစာအုပ်စာစောင်များ ငှားရမ်းရာတွင် အားလပ်ချိန်တွင်စာပေများကို ဖတ်ရှုတတ်သည့် အလေ့အကျင့်ရှိစေရန်၊ နိုင်ငံဝန်ထမ်းများအပြင် ၎င်းတို့၏ မိသားစုများပါ စာအုပ်စာစောင်များကို ဖတ်ရှုနိုင်ရေးငှားရမ်းပေးခဲ့ပြီးနောက် စာအုပ်စာစောင်များ ဖတ်ရှုခြင်းဖြင့် စာပေ၏အကျိုး ကျေးဇူးများအကြောင်း သိရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာအုပ်စာ‌စောင်များစာဖတ်ပရိသတ်များ လက်ဝယ်အ‌ရောက် ငှားရမ်းပေးခြင်းဖြစ်သည်။


ယင်းသို့ စာအုပ်စာစောင်များ နည်လှည့်ငှားရမ်း‌ပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သုတ၊ ရသ စာအုပ်ပေါင်း (၃၀၀)အုပ် စနစ်တကျ သယ်ဆောင်ကာ မြို့နယ်အတွင်းရှိ ပြည်သူ့စာကြည်တိုက်သို့ မလာရောက်နိုင်သော အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများရှိ စာဖတ်ပရိသတ်များ လက်ဝယ်အရောက် အပတ်စဉ်လှည့်လည်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)